ရခိုင်ပြည်နယ် မောင်တောမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသက်(၇၀)နှစ် နှင့်အထက် (အငြိမ်းစား)ဆရာကြီး၊ ဆရာမကြီးများအား မြတ်ဆရာပူဇော်ပွဲ ပြုလုပ်
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသက်(၇၀)နှစ်နှင့်အထက်(အငြိမ်းစား) ဆရာကြီး၊ ဆရာမကြီးများအား မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း အစည်း အဝေးခန်းမတွင် ကျင်းပရာ မောင်တောမြို့နယ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစား ဆရာ၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။