မအီမြို့ ဂျီဖြူတောင်ကျေးရွာ အ.ထ.က(ခွဲ)တွင် ကွန်ပျူတာနှင့်လေပန်ကာများလှူဒါန်းခြင်း အခမ်းအနားကျင်းပ
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ အ.ထ.က(ခွဲ)တွင် ကွန်ပျူတာနှင့် လေပန်ကာများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက အဆိုပါကျောင်း အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။