အမ်းမြို့နယ် အောက်ရွာကျေးရွာတွင် စားသုံးဆီ  ပိဿာ ၅၅၀ ရောင်းချပေး

အမ်း အောက်တိုဘာ   ၁၉

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း စီစဉ်မှုဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီပိဿာ ၅၅၀ ကို ယနေ့နံနက် ၈ နာရီက  အောက်ရွာကျေးရွာတွင် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချနေမှုကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး  စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်း ရောင်းချပေးခဲ့သည်။

စားသုံးဆီရောင်းချပေးရာနေရာသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း၊ ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အမ်းမြို့၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများကို  အောက်တိုဘာ ၁၇ ရက်နေ့မှ စတင်ရောင်းချပေးနေခြင်းဖြစ်ပြီး လာမည့် ၂၁ ရက်နေ့ထိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်