မြေပုံ အောက်တိုဘာ ၂၀
အယ်လ်နီညို ရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါး/ပုစွန်မွေးမြူရေးကဏ္ဍများအပေါ် သက်ရောက်နိုင်မှုများမှ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြေပုံမြို့၊ တောင်ပေါ်ရပ်ကွက် ရှင်းလင်းဆောင်၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် မြေပုံမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအောင်ငွေစိုးက အယ်လ်နီညိုကျရောက် မှုကြောင့် ငါး/ပုစွန်မွေးမြူရေးလုပ်ငန်းတွင် မွေးမြူရေးကန်ရေများ ရေငွေ့ပျံ့ပြီး ရေလျော့နည်း ကျဆင်းလာသဖြင့် ကန်ထဲရှိငါးများ၏ စွန့်ပစ်အညစ်အကြေးကြောင့် ရေထုညစ်ညမ်းခြင်းနှင့် ငါးရောဂါများ ကျရောက်နိုင်ခြင်း၊ မွေးမြူထားသောငါးများ၏ အောက်ဆီဂျင်လိုအပ်မှုနှင့် ဇီဝကမ္မဗေဒဆိုင်ရာ ထိခိုက်စေခြင်းတို့ ဖြစ်ပေါ်စေခြင်း၊ အစာမှ အသားပြောင်းနှုန်း ညံ့ဖျင်းလာခြင်းတို့ ဖြစ်ပေါ်စေနိုင်သဖြင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။
တင်ဝင်း