အမ်းမြို့၌ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်

အမ်း   အောက်တိုဘာ    ၁၉

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်ရပ်ကွက် ကျေးရွာအုပ်စုများ၌ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများသို့ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ရပ်ကွက် ကျေးရွာအုပ်စုအလိုက်ကျေး ရွာ တာဝန်ရှိသူများက ယမန်နေ့နံနက်ကစပြီး အိမ်တိုင်ရာရောက်သွားရောက် ပေးအပ်လျက်ရှိသည်။

အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပေးအပ်မည့် လူမှုရေးပင်စင်များကို လူမှုဝန်ထမ်းဦးစီးဌာနက အောက်တိုဘာ ၁၆ ရက်နေ့တွင် ရပ်ကွက်ကျေးရွာအုပ်စုများအလိုက် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများကိုလည်းကောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကတစ်ဆင့် ကျေးရွာတာဝန်ခံများကိုလည်းကောင်း ဆက်လက်လွှဲပြောင်းပေးအပ်ခဲ့ရာ ယခုအခါ ကျေးရွာအလိုက်တာဝန်ခံများက ဘိုးဘွားများ၏ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်လျက်ရှိသည်။

အမ်းမြို့နယ်တွင်အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအနက် အဘိုး (၃၃၇)ဦး၊ အဘွား(၄၃၉)ဦး စုစုပေါင်း ဘိုးဘွား (၇၇၆) ဦးရှိပြီး စုစုပေါင်း ငွေကျပ် (၂၃,၂၈၀,၀၀၀)ကို ထုတ်ပေးထားပြီးဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

မြို့နယ်ပြန်ပြန်/ဆက်