ဘူးသီးတောင်မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများ၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းများ ကွင်းဆင်းဆောင်ရွက်

ဘူးသီးတောင်  အောက်တိုဘာ  ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေပိုင်းက မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများ၌ မီးဘေးကြိုတင် ကာကွယ်ရေးစစ်ဆေးအကြံပြုခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်နှင့်တပ်ဖွဲ့ဝင်များက (လမ်းမ၊ မြတောင်၊ ရန်အောင်မြေ) ယာယီခိုလှုံရာစခန်းများ၌ပြည်သူများ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့် လိုက်နာဆောင်ရွက်ထားရှိကြရန်နှင့် ရှေးဦး မီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ၊ တပ်ဆင်ထားရှိမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြပြီး မီးဘေးန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည်များကို စစ်ဆေးအကြံပြုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှကျော်( ပြန်/ဆက်)