ရခိုင်ပြည်နယ် မောင်တောမြို့ရှိ မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ကာ ဘုရားဖူးပြည်သူများဖြင့်စည်းကား
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ယမန်နေ့ ညနေ ၆ နာရီအချိန်က မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ကာ ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိသည်။