ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ရခိုင်ရိုးရာအစဉ်အလာအတိုင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အထူးစည်းကား

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နေစေတနာရှင်များ၏ ဒုတိယအကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူခြင်းကို ယနေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦးနှင့် ဇနီးဒေါ်ခင်စန္ဒာဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် ပြည်သူများက ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြသည်။

မအီမြို့တွင် အင်တောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် သက်တော်(၈၄)နှစ်ပြည့် မွေးနေ့မင်္ဂလာအခမ်းအနား ကျင်းပ

မအီမြို့ အမှတ်(၄)ရပ်ကွက်ရှိ အင်တောင်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တကေသရ၏ သက်တော်(၈၄)နှစ်၊ သိက္ခာတော်(၆၄)ဝါပြည့်၊ (၄၈)ကြိမ်မြောက် မွေးနေ့မင်္ဂလာအခမ်းအနားကို အောက်တိုဘာလ(၂၈)ရက်၊ သီတင်းကျွတ်လဆန်း(၁၄)ရက် ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတိုက် ပရဝုဏ်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့ရှိ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ဒါနပြုလုပ်ခြင်း၊ ဥပုသ်သီလဆောက်တည်သူများဖြင့် စည်းကား

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် ကာ ယနေ့ကျရောက်သော သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ဥပုသ်သီလ ဆောက်တည်ခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ တရားဘာဝနာကျင့်ကြံ အားထုတ်နေကြသူများဖြင့် စည်ကားလျက်ရှိသည်။

ကျောက်ဖြူမြို့တွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့၌ ပေါ်တော်မူကံ့ကော်တောဘုရားသို့ ဉပုဒ်သီလဆောက်တည်ရန်လာသူများ၊ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကား

၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့တွင် ကျောက်ဖြူမြို့၊ ဂုံးချွိန်ကျေးရွာရှိ သမိုင်းဝင်ဆုတောင်းပြည့် တန်ခိုးကြီးဘုရားဖြစ်သော ပေါ်တော်မူကံ့ကော်တောဘုရားသို့ ဉပုဒ်သီလ ဆောက်တည်ရန်လာရောက်ကြသူများ၊ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများ ပြားလျက်ရှိသည်။

ရသေ့တောင်မြို့၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုးတို့တွင် ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် အထူးစည်ကား

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ယနေ့နံနက်ပိုင်းက အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း၊‌ စေတီယဂ်ဏဘုန်းကျောင်းတိုက်နှင့် အခြား‌သော ဘုန်းတော်ကြီးကျောင်းတိုက်တို့တွင် ဥပုသ်သီလ ခံယူဆောက်တည်သူများ၊ လှူဒါန်း ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်းကားလျက်ရှိပြီး အမျိုးသမီးဝတ်ရွတ်အသင်းများမှ အဘိဓမ္မာရွတ်ဖတ်ပူ‌ဇော်လျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ မြို့ဦးရွှေစည်းခုံဆံတော်မြတ် စေတီတော်ကြီးတွင် ဆွမ်း၊ ပန်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင်  ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ဆွမ်း၊ ပန်း၊ ဆီမီးများဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၆ နာရီခွဲအချိန်က မြို့ဦးရွှေစည်းခုံ ဆံတော်မြတ်စေတီတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့၌ သီတင်းကျွတ်ကာလအတွင်း စတုဒိသာကျွေးမွေးလှူဒါန်းသူများဖြင့်စည်ကား

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့တွင် ရခိုင်ရိုးရာအစဉ် အလာမပျက် စတုဒိသာကျွေးမွေးလှူဒါန်း ခြင်းကို ယမန်နေ့ ညနေပိုင်းကစ၍ သီတင်းကျွတ် လဆန်း ၁၄ ရက်နေ့မှ လပြည့်ကျော်(၁)ရက်နေ့အထိ ရခိုင်မုန့်တီ၊ မုန့်ဟင်းခါး၊ အာပူလျှာပူ စသည့် စတုဒိသာ ကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားလျက်ရှိသည်။

မာန်အောင်မြို့၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုးတို့တွင် ကောင်းမှုကုသိုလ် ပြုလုပ်သူများဖြင့်စည်ကား

ရခိုင်ပြည်နယ်၊ မာန်အာင်မြို့တွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ယနေ့ နံနက်ပိုင်းက မြို့မဘုန်းတော်ကြီးကျောင်းနှင့် မဟာ ဓမ္မိကာရုံကျောင်းတိုက်တို့တွင် ဥပုသ်သီလ ခံယူဆောက်တည်သူများ၊ လှူဒါန်းကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်းကားလျက်ရှိသည်။

ပေါက်တောမြို့တွင် (၃၃)ကြိမ်မြောက် ပေါက်တောမြို့နယ်လုံးဆိုင်ရာ ပိဏ္ဍပါတံဆွမ်းတော်ကြီး လောင်းလှူပွဲကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့တွင် ပရဟိတရွှေပန်းထိမ်လူငယ်အဖွဲ့နှင့် ပေါက်တော လူမှုကူညီမှုအသင်း (Pauktaw Human Rescue) အသင်းတို့၏ ဦးဆောင်မှုဖြင့် ယနေ့ နံနက်(၅)နာရီအချိန်က ပေါက်တောမြို့ရှိ ဦးဥတ္တမလမ်းတစ်လျှောက် ပိဏ္ဍပါတံ ဆွမ်းတော်ကြီး လောင်းလှူပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တော်ဓာတ် စေတီတော်မြတ်ကြီးနှင့် ဘုန်းတော်ကြီးကျောင်းများ၌ သီတင်းကျွတ် လပြည့်နေ့တွင် ဒါနပြုလုပ်ခြင်း၊ ဥပုသ်သီလဆောက်တည်သူများဖြင့် စည်ကား

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးနှင့် ဘုန်းတော်ကြီးကျောင်းတိုက်များသို့ သွားရောက်ကာ ယနေ့၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)တွင် ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ တရားဘဝါနာများ ကျင့်ကြံအားထုတ်နေကြသူများဖြင့် စည်ကားလျက်ရှိသည်။
Subscribe to ရခိုင်ပြည်နယ်