မောင်တော အောက်တိုဘာ ၂၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ယမန်နေ့ ညနေ ၆ နာရီအချိန်က မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ကာ ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိသည်။
အဆိုပါ မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် သီတင်းကျွတ်ကာလအတွင်း ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှကြီးမှူး၍ ယနေ့ ၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှ စတင်ကာ ဌာနဆိုင်ရာများ၊ အနီးအနားရှိ ရပ်ကွက်များမှ ဘုရားဖူးပြည်သူလူထုများက ဗုဒ္ဓဘုရားရှင်အား ရည်မှန်းကာ ဆီမီး တစ်ထောင် ထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ ဘုရားရေချမ်းအိုးကပ်လှူပူဇော်ခြင်း၊ သစ်သီး ဆွမ်းကပ်လှူခြင်း၊ ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိပြီး ဘုရားဖူးလာပြည်သူများအား စေတနာ ရှင် အလှူရှင်များက စတုဒိသာ ကျွေးမွေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။ ထို့အပြင်မြို့ပေါ် ရပ်ကွက်များ တွင်လည်း အလှမီးများထွန်းခြင်း၊ ဘုရားစေတီအနီးတွင် ပွဲဈေးတန်းများဖြင့် စည်းကားလျက် ရှိပြီး သီတင်းကျွတ်လပြည့်နေ့၊ နေ့လယ်ပိုင်းတွင်လည်း မြို့မကျောင်းတိုက်မှ ဦးဆောင်ကာ ပြည်သူလူထုများ စုပေါင်း၍ ဆရာတော်သံဃာတော် (၁၅၀)နီးပါးအား မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်း လှူခြင်းများကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်