ရသေ့တောင် အောက်တိုဘာ ၂၉
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို ယမန်နေ့ ညနေမှစ၍ စေတီတောင်ဘုရားနှင့် ရပ်ကွက်လမ်းမကြီးများတို့တွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထိုအပြင် စေတီတောင်ဘုရားရင်ပြင်အောက်တွင်ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက်မှ လူငယ်များမှ ဦးဆောင်၍ မီးပုံးပျံ လွှတ်တင်သူများဖြင့်အထူးစည်ကားလျက်ရှိသည်။
ရသေ့တောင်မြို့တွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို အောက်တိုဘာ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့ အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မြို့နယ်ပြန်/ဆက်