ကျောက်တော်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်အခြေခံပညာမူလတန်း၊ အလယ်တန်းဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ

 ကျောက်တော် အောက်တိုဘာ ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ မြို့နယ်အဆင့် အ​​ခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြည်တော်သာရပ်ကွက် မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ကျောက်တော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ဝင်ကြသည့် အခြေခံပညာမူလတန်းအဆင့် (Grade-5)တွင် ဝင်ရောက်ယှဥ်ပြိုင်သူ ကျောင်းသား/သူ(၂၀)ဦး အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူ ကျောင်းသား/သူ စုစုပေါင်း (၂၀) ဦး၊ အခြေခံပညာအလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် (Grade-6) တွင် ဝင်ရောက်ယှဥ်ပြိုင်သူ ကျောင်းသား/သူ(၁၅)ဦး၊(Grade-8) တွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/သူ(၁၈)ဦး၊ (Grade-9)တွင် ဝင်ရောက်ဖြေဆိုသူကျောင်းသား/သူ(၁၅)ဦး အခြေခံပညာအလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူ ကျောင်းသား/သူ (၄၈)ဦး၊ အ‌ခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာဘာသာရပ်ပြိုင်ပွဲတွင် စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၆၈)ဦးဝင်ရောက် ယှဥ်ပြိုင်ကြကြောင်း သိရှိရသည်။

ခင်မောင်ထွန်း