ရခိုင်ပြည်နယ် မောင်တောမြို့၌   တိုင်းရင်းသားရေးရာဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားပြုလုပ်

မောင်တော  အောက်တိုဘာ  ၂၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  တိုင်းရင်းသားရေးရာဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန် ၄ မိုင်ရပ်ကွက်၊ မကျည်းကုန်းကျေးရွာတွင်ပြုလုပ်ခဲ့သည်။

ဦးစွာ  ဝေသာလီရပ်ကွက် ရပ်မိရပ်ဖ ဦးစံမောင်သိန်းနှင့် သက်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးဦးဘဦးကတို့က  အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်လှုမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး  ဒေါ် စိန်သန်းကြည်က အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းသူများ အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ သက်ကြီးရွယ်အို အခွင့်အရေး၊ ရှေးဦးအရွယ်ကလေးငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးဆိုင်ရာ မူဝါဒများကို ဟောပြောပြီး ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဦးဝေယံအောင်က လူမှုရေးရာဖြစ်ရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်း ရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးမောင်သန်းဦးက  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း သိကောင်းစရာများ၊ ဖွဲ့စည်းပုံ အခြေခံဉပဒေပါ တိုင်းရင်းသား အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများကိုရှင်းလင်းပြောကြားပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မီမီဝင်းရွှေတို့က “ရာသီဉတု ပြောင်းလဲမှုလျော့ချဖို့ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စို့” ခေါင်းစဉ်နှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဉပဒေများကို ရှင်းလင်းပြောကြားခဲ့ကြသည်။ ယင်းနောက်  မောင်တောခရိုင် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတရရှိစေရေးဟောပြောပြီး တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးက တိုင်းရင်းသားရေးရာဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူခြင်းများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်(ခရိုင်ပြန်/ဆက်)