သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဆရာတော်ကြီးက စစ်တွေမြို့ပေါ်ရှိ သံဃာတော်များအား သင်္ကန်းများဆက်ကပ်၊ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်နှင့် စားသောက်ဖွယ်ရာများ လှူဒါန်း
သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဦးစီးပဓာနနာယက ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးက စစ်တွေမြို့ပေါ်ရှိ ကျောင်းတိုက်များသို့ သင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ များလှူဒါန်းခြင်းနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်နှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်း၌ကျင်းပသည်။