ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော်ဓာတ်စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော် ပြန်လည်ပြုပြင်ပူဇော်ခြင်း ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားသို့တက်ရောက်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စစ်တွေမြို့၊ ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော်ဓာတ် စေတီတော် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် ပြန်လည်ပြုပြင်ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားကို မတ်လ ၁၃ ရက်နေ့နံနက်ပိုင်းက အဆိုပါစေတီတော် ဓမ္မာရုံ၌ကျင်းပရာ စစ်တွေမြို့၊ ကြွဖြူဘုန်းတော်ကြီးကျောင်း တိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇဝန္တအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှတပ်မတော်အဆင့်မြင့် အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ စေတီတော် ဂေါပကအဖွဲ့ဝင်များ နှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။