ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စစ်တွေသို့ လူသုံးကုန်ပစ္စည်းများ၊ တည်ဆောက်ရေးသုံးပစ္စည်းများ ရောက်ရှိလာမှုကြည့်ရှုစစ်ဆေး
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ရက္ခပူရဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာ၏ အဓိပဓိပြည်တွင်း၊ ပြည်ပသာသနာပြုဓမ္မကထိက၊ ရတနာမာရ်အောင်တောရ ဓမ္မရိပ်သာများ၏ ဦးစီးပဓာနနာယကချုပ် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မာဋ္ဌာနာစရိယ မြောက်ဦးဆရာတော် ဝနဝါသီ အရှင်ဝါယာမိန္ဒအား သွားရောက်ဖူးမြော်ပြီး ဆရာတော်ကြီး၏ သာသနာပြုခရီးစဉ်အတွက် ဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ပေးအပ်လှူဒါန်းကြသည်။