ရခိုင်ပြည်နယ်

ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး မီးသတ်တပ်ဖွဲ့ဝင်များမှ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး အသိပညာပေး ဟောပြော

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် ယနေ့ နံနက် ၁၀ နာရီက အရှေ့‌မြောက်ရပ်ကွက်သို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အမ်းမြို့‌၌ နိုင်ငံသားတစ်ဦးခြင်း၏ အချက်အလက်(Bio grap hic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူ ခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးမှူး ဦးဇော်ဇော်ထွဋ်နှင့် မြို့နယ်ဦးစီးမှူးဦးကျော်မင်းထွန်းတို့ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အမ်းတပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့မှ မိသားစုဝင်များ အား နိုင်ငံသားတစ်ဦးခြင်း၏ အချက်အလက် (Bio graphic)နှင့် ဇီဝဆိုင်ရာအချက် အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် အသက် (၁၀)နှစ်အထက် နိုင်ငံသားကတ်ပြားရှိသူများအား ကောက်ယူလျက်ရှိသည်။

မာန်အောင်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသပေး

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် တိုင်းရင်းဆေးဖြင့် ကျေးလက်နေပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ငအင်းကျေးရွာအုပ်စု၊ မင်းရပ်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ အခြေပြုလျက် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် (အခမဲ့)ဆေးကုသပေးခဲ့သည်။

ရခိုင်ပြည်နယ်စီးပွားရေးဖိုရမ် ၂၀၂၃ ခုမှသည် ယခင်အခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်သည့် အနာဂတ်စီးပွားရေးဆီသို့

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းပင်လယ် ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိသော ပြည်နယ်တစ်ခုဖြစ်ပြီး ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့နှင့် ထိစပ်လျှက်ရှိသကဲ့သို့ ဘင်္ဂလားပင်လယ်အော်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့်လည်း ဆက်စပ်လျက်ရှိသည်။ ဧရိယာစတုရန်းမိုင်ပေါင်း (၁၄၂၀၀.၁၁) မိုင် ကျယ်ဝန်းပြီး သစ်တောများ ဖုံးအုပ်နေသည့် တောင်ကုန်း၊ တောင်တန်းများ၊ ပင်လယ်ကမ်းရိုးတန်းနှင့် လယ်ယာစိုက်ပျိုးနိုင်သော မြေပြန့်လွင်ပြင်များ၊ မြစ်ချောင်း၊ အင်းအိုင်၊ ဒီရေတောများဖြင့် တန်ဖိုးရှိစွာဖြင့် တည်ရှိနေသော ပြည်နယ်တစ်ခုဖြစ်သည်။ ပြည်နယ်ဧရိယာ၏ ၄၈ ဒသမ ၁၁ ရာခိုင်နှုန်းကို သစ်တောများဖုံးလွှမ်းလျက်ရှိပြီး ရခိုင်ပြည်နယ်၏ ရေမြေသဘာဝနှင့် ပထဝီဝင်အနေအထားမှာ အင်မတန်မှတန်ဖိုးကြီးမားလှသော သဘာဝကပေးသည့် လက်ဆောင်များဟု တင်စားရမည်ပင်ဖြစ်သည်။

ရသေ့တောင်မြို့နယ်တွင် မိုခါမုန်တိုင်းသင့်တောင်သူများအတွက် နိုင်ငံတော်ကထောက်ပံ့ခဲ့သည့် မျိုးစပါးများ စိုက်ပျိုးခဲ့မှု ယနေ့အချိန်၌ အောင်မြင်ဖြစ်ထွန်း

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် မိုခါမုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် မျိုးစပါးများအတွက် နိုင်ငံတော်ကထောက်ပံ့ပေးခဲ့သည့် GW-11၊ နှံကောက်၊ ကြားပျံ၊ ပေါ်ဆန်းရင် မျိုးစပါးများကို စိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရှိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နိုဝင်ဘာ ၁ ရက်နေ့မှ စ၍ ရပ်ကွက်/ကျေးရွာများရှိ တိရစ္ဆာန်ကောင်ရေ သိရှိနိုင်ရေးအတွက် ကွင်းဆင်းကောက်ယူလျက် ရှိသည်။

ကျောက်ဖြူမြို့နယ်၌ မိုးစပါး(၀.၁၀)ဧက စံကွက်ရိတ်သိမ်းပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ မိုးစပါး(၁)ဧက အထွက်နှုန်းပိုမိုထွက်ရှိနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မိုးစပါး (၀.၁၀) ဧက စံကွက်ရိတ်သိမ်းပွဲကို ဂုံးချွိန်ကျေးရွာအုပ်စု၊ လယ်ဒါပြင်ကျေးရွာ၊ ကွင်းအမှတ်(၄၅၁)၊ တောင်သူတစ်ဦး၏ လယ်မြေတွင် ဆောင်ရွက်သည်။

ရသေ့တောင်မြို့၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး အသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် ယနေ့ နံနက် ၁၀ နာရီက အရှေ့‌မြောက်ရပ်ကွက်ရှိနေအိမ်များသို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နိုဝင်ဘာ ၁ ရက်နေ့မှစ၍  ရပ်ကွက်/ကျေးရွာများရှိ တိရစ္ဆာန်ကောင်ရေ သိရှိနိုင်ရေးအတွက် ကွင်းဆင်းကောက်ယူလျက်ရှိသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း GW-11 စပါးမျိုးစံကွက်ရိတ်သိမ်းပွဲနှင့် ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ပြီး စစ်တွေမြို့ပေါ်သို့ သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသည့် ကန်တော်ကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌန၏ အစီအစဉ်ဖြင့် စစ်တွေမြို့နယ် ပြည်တော်သာရပ်ကွက်၊ အကျဉ်းဦးစီးဌာန လယ်မြေတွင် GW-11 စပါးမျိုး စံကွက်ရိတ်သိမ်းပွဲနှင့် ကွင်းသရုပ်ပြပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး စစ်တွေမြို့ပေါ်သို့ သောက်သုံးရေဖြန့်ဝေပေး လျက်ရှိသည့် ကန်တော်ကြီးသို့ သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။
Subscribe to ရခိုင်ပြည်နယ်