ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိ

မောင်တော နိုဝင်ဘာ ၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နိုဝင်ဘာ ၁ ရက်နေ့မှစ၍  ရပ်ကွက်/ကျေးရွာများရှိ တိရစ္ဆာန်ကောင်ရေ သိရှိနိုင်ရေးအတွက် ကွင်းဆင်းကောက်ယူလျက်ရှိသည်။

ထို့သို့ကောက်ယူရာတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှု စာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မောင်တောမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဦးရွှေစိုးအောင် ဦးဆောင်၍ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက် ၆ ခု ၊ ကျေးရွာ ၇၈ ရွာမှ တိရစ္ဆာန်ကောင်ရေ စာရင်းမှန်ကန်မှုရှိစေရေးအတွက် တိရစ္ဆာန်ကောင်ရေစာရင်းများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)