အမ်းမြို့‌၌ နိုင်ငံသားတစ်ဦးခြင်း၏ အချက်အလက်(Bio grap hic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူ ခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

အမ်း နိုဝင်ဘာ ၆

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးမှူး ဦးဇော်ဇော်ထွဋ်နှင့် မြို့နယ်ဦးစီးမှူးဦးကျော်မင်းထွန်းတို့ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အမ်းတပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့မှ မိသားစုဝင်များ အား နိုင်ငံသားတစ်ဦးခြင်း၏ အချက်အလက် (Bio graphic)နှင့် ဇီဝဆိုင်ရာအချက် အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် အသက် (၁၀)နှစ်အထက် နိုင်ငံသားကတ်ပြားရှိသူများအား ကောက်ယူလျက်ရှိသည်။

အဆိုပါ နိုင်ငံသားတစ်ဦးခြင်း၏ အချက်အလက် (Biogra phic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းကို အမ်းတပ်နယ်အတွင်းရှိ အမှတ်(၇၅၇) အလုပ်ရုံ (လျှပ်စစ်) တပ်ဖွဲ့၊ အမှတ်(၁၀) တပ်ထိန်းတပ်ဖွဲ့နှင့် အမှတ်(၃၇၁) ခြေမြန်တပ်ရင်းတို့မှ မိသားစုဝင်များအား ရုံးဖွင့်ရက်များတွင် အစုအဖွဲ့စုဖွဲ့ကာ အစုအဖွဲ့အလိုက်နေ့ စဥ်နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီခွဲ အချိန်ထိကောက်ယူလျက်ရှိကြောင်း သိသည်။

မြို့နယ်(ပြန်/ဆက်)