ကျောက်ဖြူမြို့နယ်၌ မိုးစပါး(၀.၁၀)ဧက စံကွက်ရိတ်သိမ်းပွဲပြုလုပ်

ကျောက်ဖြူ နိုဝင်ဘာ ၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ မိုးစပါး(၁)ဧက အထွက်နှုန်းပိုမိုထွက်ရှိနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မိုးစပါး (၀.၁၀) ဧက စံကွက်ရိတ်သိမ်းပွဲကို ဂုံးချွိန်ကျေးရွာအုပ်စု၊ လယ်ဒါပြင်ကျေးရွာ၊ ကွင်းအမှတ်(၄၅၁)၊ တောင်သူတစ်ဦး၏ လယ်မြေတွင် ဆောင်ရွက်သည်။

မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် တောင်သူများ  တက်ရောက်ကြည့်ရှုအားပေးသည်။

မိုးစပါးစံကွက်(၀.၁၀)ဧကရိတ်သိမ်းရာ၌ တောင်သူ ဦးထွန်းကျော်ဦး စိုက်ပျိုးထားရှိသည့် ဆင်းသွယ်လတ်စပါးမျိုးအား စံကွက်ရိတ်သိမ်းခြင်းဖြစ်ကာ (၀.၁၀)ဧကတွင် အထွက်နှုန်းအနေဖြင့် (၁၀၀.၈၉)တင်း အစိုထွက်ရှိခဲ့ပြီး မြို့နယ်၏ မိုးစပါးအထွက်နှုန်းပိုမိုတိုးတက်လာစေရေးအတွက် မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေး၊ စိုက်စနစ်မှန်ကန်စေရေးနှင့် အပင်ပြုစုခြင်းဆိုင်ရာ နည်းစနစ်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)