ရခိုင်ပြည်နယ်

ဘူးသီးတောင်မြို့နယ် Community Centre ခန်းမ၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ ယာဥ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေလယ်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပြီး နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ပုဏ္ဏားကျွန်း) သင်တန်းဖွင့်ပွဲသို့တက်ရောက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းတွင် စစ်တွေမြို့အား မြို့အင်္ဂါရပ်များနှင့်အညီ စနစ်တကျ ဖော်ဆောင်နိုင်ရေးကြည့်ရှု စစ်ဆေးသည်။

ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် ဟော်တယ်၊ မော်တယ်နှင့် တည်းခိုခန်းများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ် မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ယမန်နေ့က ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ ဟော်တယ်၊ မော်တယ်နှင့် တည်းခိုခန်းများတွင် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မြေပုံမြို့ တောင်ပိုင်းရပ်ကွက်ရှိ စားသုံးသူ ပြည်သူများသို့ စားသုံးဆီ (၁) ပိဿာလျှင် (၅၂၀၀) ကျပ်နှုန်းဖြင့် လက်လီရောက်ချပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းအစီအစဉ်ဖြင့် ရခိုင်ပြည်နယ်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီလက်လီ အရောင်းဈေးကားဖြင့် ယမန်နေ့ နံနက် (၈) နာရီ အချိန်က တောင်ပိုင်းရပ်ကွက်ရှိ ရပ်ကွက်နေ စားသုံးသူ ပြည်သူများသို့ စားသုံးဆီများ လက်လီဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။

စစ်တွေတက္ကသိုလ်၌ သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးပြုသင်ကြားနိုင်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲ ကျင်းပ

အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ဆရာမများအား ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒဆိုင်ရာ သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးပြုသင်ကြားနိုင်ရေး အရည် အသွေးမြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက စစ်တွေတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

သံတွဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါး စံကွက်ဒသမ ၁၀ ဧက ရိတ်သိမ်းပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီက သံတွဲမြို့နယ် အလယ်ရွာကျေးရွာ ကွင်းအမှတ် (၁၄၆)ရှိ တောင်သူ ဦးကျော်မင်းလွှင်၏ ဧက(၁၅၀) တစ်ဧက တင်း (၁၀၀) GW-11 မိုးစပါးစိုက်ခင်း (၀.၁၀) ဧကကို ရိတ်သိမ်းရာ အစိုအထွက် (၁၅၇.၅၀)တင်း ထွက်ရှိပြီး၊ အခြောက် (၁၃၈.၀၀)တင်း ထွက်ရှိခဲ့ကြောင်း သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ထွန်းခိုင်ထံမှ သိရသည်။

ရသေ့တောင်မြို့နယ်တွင် တစ်ဧက အထွက်နှုန်း မှန်ကန်စေရေးအတွက် မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး ကြီးကြပ်ရေးကော်မတီဝင်များ ပူးပေါင်း၍ တစ်ဧက အထွက်နှုန်း မှန်ကန်စေရေးအတွက် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ခနောင်းကြီကျေးရွာတွင် ကျင်းပခဲ့သည်။

ဘူးသီးတောင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား (စတုတ္ထအကြိမ်) ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (စတုတ္ထအကြိမ်) စတင်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း  ပြုလုပ်

ရခိုင်ပြည်နယ်၊  သံတွဲခရိုင်၊   ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင်  စာပေချစ်မြတ်နိုးသူများပါဝင်သည့် Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဥ်ကျင်းပလျက်ရှိရာ  နိုဝင်ဘာလ (၄)ရက်နေ့နှင့် (၆)ရက်နေ့များတွင် လူငယ်အထူးပြု ဆောင်းပါးများဖြင့် ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်