သံတွဲ နိုဝင်ဘာ ၇
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီက သံတွဲမြို့နယ် အလယ်ရွာကျေးရွာ ကွင်းအမှတ် (၁၄၆)ရှိ တောင်သူ ဦးကျော်မင်းလွှင်၏ ဧက(၁၅၀) တစ်ဧက တင်း (၁၀၀) GW-11 မိုးစပါးစိုက်ခင်း (၀.၁၀) ဧကကို ရိတ်သိမ်းရာ အစိုအထွက် (၁၅၇.၅၀)တင်း ထွက်ရှိပြီး၊ အခြောက် (၁၃၈.၀၀)တင်း ထွက်ရှိခဲ့ကြောင်း သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ထွန်းခိုင်ထံမှ သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ထွန်းခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးမှူး ဦးဦးညိုဝင်းနှင့် ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက် အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)