ရသေ့တောင် နိုဝင်ဘာ ၇
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး ကြီးကြပ်ရေးကော်မတီဝင်များ ပူးပေါင်း၍ တစ်ဧက အထွက်နှုန်း မှန်ကန်စေရေးအတွက် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ခနောင်းကြီကျေးရွာတွင် ကျင်းပခဲ့သည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်ရေး ကော်မတီဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်၀င်းမောင်နှင့် ဝန်ထမ်းများ၊ ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြပြီး တစ်ဧကအထွက်နှုန်း မှန်ကန်စေရေးအတွက် ခနောင်းကြီးကျေးရွာအုပ်စု၊ ခနောင်းကြီးကျေးရွာ၊ ကွင်းအမှတ် (၄၀၆) ကံပြင်ကွင်း ဦးပိုင်အမှတ် (၂၉)ရှိ တောင်သူဦးသန်းလှိုင် စိုက်ပျိုးထားသည့် နိုင်ငံတော်မှ ထောက်ပံ့မျိုးစပါး စူပါနှံကောက်စပါး ဘောင်ဖောက်ကြဲခင်းအား စံကွက်းရိတ်သိမ်းရာ အစို (၁) ဧက (၁၀၄)တင်း၊ အခြောက်(၁)ဧက (၉၄)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)