မြေပုံမြို့ တောင်ပိုင်းရပ်ကွက်ရှိ စားသုံးသူ ပြည်သူများသို့ စားသုံးဆီ (၁) ပိဿာလျှင် (၅၂၀၀) ကျပ်နှုန်းဖြင့် လက်လီရောက်ချပေးလျက်ရှိ

မြေပုံ နိုဝင်ဘာ ၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းအစီအစဉ်ဖြင့် ရခိုင်ပြည်နယ်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီလက်လီ အရောင်းဈေးကားဖြင့် ယမန်နေ့ နံနက် (၈) နာရီ အချိန်က တောင်ပိုင်းရပ်ကွက်ရှိ ရပ်ကွက်နေ စားသုံးသူ ပြည်သူများသို့ စားသုံးဆီများ လက်လီဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။

စားသုံးသူပြည်သူများသို့ ဖြန့်ဖြူးရောင်းချပေးမည့် စားသုံးဆီများအား မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူတို့က စစ်ဆေး ကြီးကြပ်လျက် မြောက်ဦးခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး/ မြေပုံမြို့နယ်၊ စားသုံးဆီ အရောင်းကိုယ်စားလှယ် ဦးသာထွန်းမှ တောင်ပိုင်းရပ်ကွက်ရှိ ရပ်ကွက်နေ စားသုံးသူပြည်သူများသို့ စားသုံးဆီ (၁) ပိဿာလျှင် (၅၂၀၀) ကျပ်နှုန်းဖြင့် ဆီ (၅၅၀) ပိဿာအား ဆီလက်လီအရောင်းဈေးကားဖြင့် ဖြန့်ဖြူးရောင်းချပေးလျက် ရှိကြောင်း သိရသည်။

တင်ဝင်း(ပြန်/ဆက်)