သထုံမြို့နယ်၊ ဝါးပါးတပ်ဦး ဘုန်းတော်ကြီးသင်မူလတန်း ကျောင်းသား၊ ကျောင်းသူများထံ မွန်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် အလှူငွေများ ပေးအပ်
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စုရှိ ဝါးပါးတပ်ဦး ဘုန်းတော်ကြီးသင် မူလတန်း ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးအတွက် ပြည်နယ်အစိုးရအဖွဲ့ သာမန်အသုံးစရိတ်ရန်ပုံငွေမှ လှူဒါန်းသည့် အလှူငွေများကို ယမန်နေ့ နံနက်က ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ သွားရောက်လှူဒါန်းပေးခဲ့ကြသည်။