ရေးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူ အောင်ချက်ရာခိုင်နှုန်း ၂၆ ဒသမ ၅၄ ရာခိုင်နှုန်းရှိ
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာပေးခဲ့ရာ မွန်ပြည်နယ်၊ ရေးမြို့နယ်ပညာရေးမှူးရုံးတွင်လည်း တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာခဲ့သည်။