ကျိုက်မရော သြဂုတ် ၂၆
ကျိုက်မရောမြို့နယ်၌ ဒေသခံပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ရှင်စောပုရပ်ကွက် အထရံခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်မြင့်သက်ထွေးက ရွေးကောက်ပွဲဥပဒေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)