ချောင်းဆုံ ဩဂုတ် ၂၆
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲလက်မှတ်ဖြင့် မဲပေးခြင်းစနစ်အစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းကို ယမန်နေ့နံနက်(၉)နာရီက ကညှော်ကျေးရွာခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းကို ဘိုးနက်၊ ဒရယ်၊ ကလွီ၊ တောင်စွန်း၊ ဒေါင်းရပ်အနောက်၊ ဒေါင်းရပ်အရှေ့၊ ကော့မုပွန်၊ ကညှော်နှင့် မုဒွန်းကျေးရွာတို့မှ မဲဆန္ဒရှင်ပြည်သူများမှတက်ရောက်ကာ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြပြီး ယင်းသို့ဆောင်ရွက်ခြင်းကို ဩဂုတ်လ(၂၂)ရက်နေ့မှ(၂၅)ရက်နေ့အထိ(၄)ရက်ကြာ ကျေးရွာများအရောက် စုရပ်များတွင် ကွင်းဆင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)