ကျိုက်ထို ဩဂုတ် ၂၆
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု(မြို့နယ်အဆင့်)အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ် ၂၃ ရက် နံနက် ၁၀ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဦးမောင်ညိုကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေးမှူးအဆင့်(၁)ဦးထွန်းညီညီက လူငယ်များဗလငါးတန်ဖွံ့ဖြိုးဖို့ ကျောင်းကျန်းမာရေးမြှင့်တင်စို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းကျန်းမာရေးပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမြတ်ပန်းနုအောင်ကမူးယစ်ဆေးဝါးအစဆေးလိပ်ကခေါင်းစဉ်နှင့် ဖြစ်ပေါ်နိုင်သည့်ရောဂါများအကြောင်းဟောပြောကာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူ(၁၀၀)ဦးအား ကျန်းမာရေးအတွက်ခေါင်းစဉ်ဖြင့် မေးခွန်းပေါင်း(၅၀)ကိုဖြေဆိုချိန်(၄၅)မိနစ်ပေးပြီး အမှားအမှန်ခြစ်၍ ပြိုင်ပွဲကျင်းပဖြေဆိုစေရာ အမှတ်အများဆုံးရသည့်ကျောင်းသား၊ ကျောင်းသူ(၆)ဦးအား မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခွန်မောင်အိုးနှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့သည်။
ဝင်းမောင်(ကျိုက်ထို)