မွန်ပြည်နယ်

ချောင်းဆုံမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲလက်မှတ်ဖြင့်မဲပေးခြင်းစနစ်အစား  အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်းအဖွဲ့ခွဲမှဖွင့်လှစ်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်း ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီက ကျွန်းသာယာခန်းမ၌ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ်တွင် အများပြည်သူများ အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၉ ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်တက္ကသိုလ် အားကစားခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ဖူဆယ် ဆပ်ကော်မတီဝင်များ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ငန်းတေးဂေါက်ကွင်း စိမ်းလန်းစိုပြည်ရေး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားနှင့် မိုးစပါး(Fs-Rs) မျိုးစေ့ထုတ်စိုက်ခင်းများနှင့် သုတေသနစိုက်ခင်းများ ကွင်းသရုပ်ပြပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်တွင် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်းအပူချိန်လျော့ကျ လာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကိုတန်ဖိုးထား ချစ်မြတ်နိုးပြီး သစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေရန် သစ်တောစိုက်ခင်းများ ထူထောင်နိုင်ရန် ရည်ရွယ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ငန်းတေးဂေါက်ကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

ရေးမြို့နယ်၌ သဘာဝဘေးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မွန်ပြည်နယ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အရ ရေးမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် သဘာဝဘေးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့က အ-ထ-က(၃) နှင့် အ-မ-က(၆)တို့၌ ကွင်းဆင်းဆောင်ရွက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနား တက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)တို့၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်းများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်သည့်အခမ်းအနား တက်ရောက်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်းများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို ဇူလိုင်လ ၁၆ ရက်နေ့မွန်းလွဲပိုင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မုဒုံမြို့နယ်၊ ကျုံဖိုက်ကျေးရွာရှိ SRI TRANG Co. Ltd ခရမ့်ရော်ဘာစက်ရုံနှင့် မော်လမြိုင်မြို့ စမ်းကြီးအင်းဝိုင်းရပ်ရှိ ခေတ်ဦးပန်းထိုးစက်ရုံသို့ ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၁၆ ရက်နေ့နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကျုံဖိုက်ကျေးရွာရှိ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မတီမှ ခွင့်ပြုထားသော ဖက်စပ်နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းဖြစ်သည့် Singapore နိုင်ငံ SRI TRANG Co. Ltd နှင့် ဧရာဟသ်ာကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ခရမ့်ရော်ဘာစက်ရုံသို့ရောက်ရှိခဲ့သည်။

ဘီးလင်းမြို့နယ်၌ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြပွဲပြိုင်ပွဲများ ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ် (အ-ထ-က)ကျောင်း၌ သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောခြင်းနှင့် မြေငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် မြေငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန် နေ့ နံနက်ပိုင်းက အ.ထ.က (ဘီးလင်း)ကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ် (အ.ထ.က)ကော့ကရင်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်(အထက)ကော့ကရင်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်ဇော်ဦး၊ ဥပဒေအရာရှိဦးမျိုးထက်ကျော်၊ အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စု သထုံမှရဲအုပ်စောထင်လင်း၊ ဒေါက်တာသက်နိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်တင်ဇာစိုးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်