မော်လမြိုင် စက်တင်ဘာ ၂၁
၂၀၂၅ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီးထွန်းအောင်ကျော်၊ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးဉာဏ်ဝင်းတို့မှဦးစီး၍ ယမန်နေ့နံနက်ပိုင်းက မော်လမြိုင် မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးမြင့်ထွန်းမှ ကြီးကြပ်ကွပ်ကဲ၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ အထွေထွေရောဂါကုပြည်သူ့ ဆေးရုံကြီးရှိ ဆရာဝန်ကြီးများ၊ သူနာပြုဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူဒါန်းကြသူများအား ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန် တိုင်းတာခြင်း၊သွေးအမျိုး အစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် စုပေါင်းသွေးလှူဒါန်းနေမှုကို ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကစုပေါင်းသွေး လှူဒါန်းပေးခဲ့ကြသူများကို အားဆေးများ၊ ကြက်ဥနှင့်အဟာရ ဖြည့်စွက်စာများကိုပေးအပ်ခဲ့ပြီး အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီးက (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် မွန်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များမှ စုပေါင်းသွေး လှူဒါန်းပေးခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကာ စုပေါင်းသွေးလှူဒါန်းပေးကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ၍အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)