မော်လမြိုင် စက်တင်ဘာ ၂၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာဥပဒေ နည်းဥပဒေများသင်တန်းကို စင်တင်ဘာ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်
ထို့နောက် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်နှင့်ပတ်သက်၍ လုပ်ငန်းတာဝန်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်များ၊ မဲပေးပုံသရုပ်ပြခြင်း၊ မဲဆန္ဒရှင်မဲစာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွာမှုများ ဖြေရှင်းခြင်းနှင့် စေ့စပ်ညှိနှိုင်းခြင်းမျာနှင့် ပြည်သူလူထုနှင့် မဲဆန္ဒရှင်များအား အသိပညာပေးခြင်းတို့ကို သင်ကြားပို့ချဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)