ချောင်းဆုံ အောက်တိုဘာ ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ သင်တန်းသားများအား အရန်မီးသတ်တပ်ဖွဲ့ဝင် ဝတ်စုံများအား ပေးအပ်ခဲ့သည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး မွမ်းမံသင်တန်းကို မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှ သင်တန်းသား (၅၀) ဦး တက်ရောက်ခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ နည်းပြများအဖြင့် ဆောင်ရွက်ကာ လေ့ကျင့်ရေးသင်တန်းကာလကို ရက်သတ္တပတ်(၄)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ကိုကျော်(ချောင်းဆုံ)