ပေါင်မြို့နယ်၌ အ.ထ.က(ပေါင်) ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးဖွင့်ပွဲကျင်းပ

ပေါင် ဩဂုတ် ၁၈

ကျောင်းသား၊ကျောင်းသူများ အားကစားကိုစိတ်ဝင်စားမှု မြင့်မားစေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်ပြုလုပ်သည့် ပေါင်မြို့နယ်၌ အ.ထ.က(ပေါင်) ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီက အဆိုပါကျောင်းအားကစားကွင်း၌ ပြုလုပ်ခဲ့သည်။

ဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များက အားကစားယှဉ်ပြိုင်ကြသည့် အသင်းသားများအတွက် ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ စသည့် အသင်း (၄) သင်းမှ ဩဂုတ်လ (၁၇) ရက်နေ့မှ (၂၁)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)