ချောင်းဆုံမြို့နယ် ကွမ်လှာ အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ချောင်းဆုံ ဩဂုတ် ၁၉

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွမ်လှာ (အ.လ.က) ကျောင်း နဝရတ်ခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီးဦးမင်းစိုးမိုးထိုက်က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက  ကျောင်းသားလူငယ်များ ထူးချွန်ထက်မြက်ပြီး လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်၊ အစုအဖွဲ့ဖြင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးတတ်သည့် သူများဖြစ်လာစေရန်အတွက် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်(ပြန်/ဆက်)ဦးစီးအရာရှိ ဒေါ်မိသူဇာ၊ (အား/ ကာ) ဦးစီးအရာရှိ ဒေါ်သက်ငုံဖူး ကျောင်းအုပ်ဆရာကြီးတို့ နှင့်အတူ Grade-8 ကျောင်းသား/ကျောင်းသူများမှ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည် များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပေးခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)