မွန်ပြည်နယ်

သထုံမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ပြီး ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများ အစားထိုးစိုက်ပျိုးရန် ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာတွင် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများ ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် အဆိုပါကျေးရွာရှိ တောင်သူနှစ်ဦး၏ လယ်ယာမြေ၌ ပျိုးပင်များအား ပျိုးဗန်းများဖြင့် ပျိုးထောင်ထားရှိမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့မှ ယမန်နေ့၊ နံနက်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အသက် (၉) နှစ်မှ (၁၁) နှစ်အထိ မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရေးမြို့နယ်တွင် စားအုန်းဆီ(၁)ပိသာလျှင် (၄၄၅၀)ကျပ်ဖြင့် စျေးနှုန်းချိုသာစွာရောင်းချပေး

မွန်ပြည်နယ်၊ ရေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မော်လမြိုင်ဆီကုန်သည်ကြီးများအသင်းဦးဆောင်၍ စားသုံးသူပြည်သူများ  စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဆီ(၁)ပိသာ(၄၄၅၀)ကျပ်နှုန်းဖြင့် ယမန်နေ့နံနက်ပိုင်းက ရေးမြို့၊ အောင်င်္ဂလာရပ်ကွက်၊ အောင်သီတာစျေးနှင့် မွန်းလွဲ ၁ နာရီအချိန်က ချောင်းတောင်တံတားအနီး(ညစျေး)တို့တွင်  ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး‌ဟောပြောပွဲ၊ ပြပွဲပြိုင်ပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်သည်။

ပေါင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်း   နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက (အ.ထ.က ) နတ်ကြီးချောင်ခန်းမ၌ ကျင်းပခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ကျောင်းသားလူငယ်များ လူတော်လူကောင်းများပေါ်ထွန်းရေး လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့က မုဒွန်း (အ.ထ.က) ကျောင်းပညာကြယ်စင်ခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်‌ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က ကျိုက်ထိုမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

မွန်ပြည်နယ်အတွင်း အသက် (၉) နှစ်မှ (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများမှာ စတုတ္ထမြောက်အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်နေထိုင်သော အမျိုးသမီးများမှာတော့ ဒုတိယမြောက်အဖြစ်အများဆုံး ကင်ဆာဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးကို မိန်းကလေးငယ်များအား စောလျင်စွာထိုးနှံခြင်းက သားအိမ်ခေါင်းကင်ဆာရောဂါကို အစောဆုံး ကာကွယ်မှုရရှိနိုင်မည့် အခွင့်အလမ်း တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

သံဖြူဇရပ်၌၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းတို့၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်