ပေါင် စက်တင်ဘာ ၁၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက (အ.ထ.က ) နတ်ကြီးချောင်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက လူကုန်ကူးမှုသည် ခေတ်သစ်ကျေးကျွန်စနစ်အသွင်ဖြင့် ပြန်လည်ပေါ်ပေါက်လာသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ မိမိကိုယ်ကိုကာကွယ်နေထိုင်ကြရန်၊ လူကုန်ကူးမှုခံရသူ၏ အဆိုးရွားဆုံးပုံစံများ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ကျောင်းသား/ကျောင်းသူများက လိုက်နာဆောင်ရွက်ကြရန် ဟောပြောခဲ့သည်။
ဆက်လက်၍ ပေါင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှုး ဒေါ်ခင်မျိုးအေး က ဆီးမှန်၊ဝမ်းမှန်၊လေမှန်၊သွေးမှန်စသည့် မှန်လေးမှန်အကြောင်းကို အသေးစိတ်ဆွေးနွေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဆေးကုသမှုပြုလုပ်ပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့နှင့်ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်းသိမှတ်ဖွယ်ရာများစသည့် အသိပညာပေးနံရံကပ်စာစောင်များ ဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)