ချောင်းဆုံ စက်တင်ဘာ ၁၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့က မုဒွန်း (အ.ထ.က) ကျောင်းပညာကြယ်စင်ခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းတာဝန်ခံဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက ကျောင်းသားလူငယ်များ ထူးချွန်ထက်မြက်ပြီး လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်၊ အစုအဖွဲ့ဖြင့် ညှိနှိုင်းတိုင်ပင် ဆွေးနွေးတတ်သည့် သူများဖြစ်လာစေရန်အတွက် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ် (ပြန်/ဆက်) ဦးစီးအရာရှိ ဒေါ်မိသူဇာ နှင့်အတူ ကျောင်းသား/ သူများမှ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့် ယဉ်ကျေးမှုတန်ဖိုး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူးခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/ သူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပေးခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသခဲ့ကြောင်း သိရသည်။
ချောင်းဆုံ (ပြန်/ဆက်)