ပေါင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်

ပေါင် စက်တင်ဘာ ၁၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပေါင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လတ်က ကျေးရွာများအတွက် မြစိမ်းရောင်စီမံကိန်းအရ အရင်းမပျောက် မတည်ငွေများ ထုတ်ပေးသည့်အတွက် ကျေးလက်နေပြည်သူများ အလုပ်အကိုင်များ ပိုမိုအဆင်ပြေစေရန်အတွက် အထောက်အပံ့များရရှိစေမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသံမရောင်းက ကျေးလက်ပြည်သူများအနေဖြင့် အရင်းမပျောက်မတည်ငွေများ ‌ပေးသည့်အတွက် လုပ်ငန်းများကို စနစ်တကျလုပ်ကိုင်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်က  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဆင်ရွာကျေးရွာအုပ်စု ရှမ်းကုန်းကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် မတည်ရန်ပုံငွေ ကျပ်သိန်း (၃၀၀) အား ကျေးရွာမြစိမ်းရောင်းစီမံကိန်း လုပ်ငန်းအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)