မွန်ပြည်နယ်

သံဖြူဇရပ်မြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ ရက်သတ္တပတ်လှုပ်ရှား ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ခွေးရူးရောဂါကာကွယ်ရေးအကြောင်း သိကောင်းစရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၁)နှင့်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် မွန်ပြည်နယ် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မွန်ပြည်နယ် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ပြည်နယ်ခန်းမ၌ကျင်းပခဲ့ရာ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အားကစားနှင့်လူငယ်​ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မွန်ပြည်နယ် လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မွန်ပြည်နယ်လူငယ်ရေးရာကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၇ ရက်နေ့နံနက်ပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးအောင်ဆန်းခန်းမ၌ ကျင်းပသည်။

ပေါင်မြို့နယ်က တိုက်ဆည်ရေသောက်စနစ်အတွင်း၌ အယ်နီညိုဖြစ်စဉ်သက်ရောက်မှုအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က တိုက်ဆည်ရေသောက်စနစ်အတွင်း၌ အယ်အယ်နီညိုဖြစ်စဉ် သက်ရောက်မှုအပေါ် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးပြုလုပ်ခြင်းကို ဖြူဘကျေးရွာကွင်းအမှတ် (၇၇၀)၌ ယမန်နေ့နံနက် (၁၁)နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ဆေးလိပ်မသောက်ရ Campaign ပိုစတာများ လိုက်လံကပ်နှံခြင်းလုပ်ငန်းများဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီရင်ပြင်တော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများ၌ ဆေးလိပ်မသောက်ရ Campaign ပိုစတာများအား စက်တင်ဘာလ ၂၆ ရက်နေ့မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် လိုက်လံကပ်နှံပေးခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ မြေပဲဆီရောင်းချသည့်ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ် မုဒုံမြို့ပေါ်ရှိ မြေပဲဆီရောင်းချသည့်ကုန်စုံဆိုင်များတွင် ရောင်းချသောဆီများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ယမန်နေ့နံနက် ၁၀ နာရီက မြို့ပေါ်ရှိဆိုင်များတွင် တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးသည်။

ကျိုက်ထိုမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေချေးငွေပေးအပ်ပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရာဘာမှိုင်းရုံလုပ်ငန်းရှင်အား ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပေါင်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ပေါင်မြို့နယ် (အ.ထ.က) ထန်းပင်ချောင်ကျောင်း၌ ကျင်းပခဲ့သည်။

သံဖြူဇရပ်၌ လူရည်ချွန်မောင်မယ်များနှင့် ထူးချွန်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အောင်ဇေယျရပ်ကွက်ရှိ သန္တိသုခ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာတွင် တောင်သူနည်းပညာပေးဆွေးနွေးပွဲပြုလုပ်

လူမှုစီးပွားတိုးတက်ဖို့ မျိုးကောင်းမျိုးသန့်သုံးကြစို့ ဆောင်ပုဒ်နှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနမှ အရည်အသွေးကောင်းသော သွင်းအားစုများမှန်ကန်စွာ ထည့်သွင်းသုံးစွဲ၍ အရည်အသွေးပြည့်မီသော သီးနှံများထုတ်လုပ်ရာတွင် အဆင်ပြေစေရေးအတွက် ယနေ့နံနက်က ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးခြင်း၊ သီးနှံဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး ပညာပေးဆောင်ရွက်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်