သံဖြူဇရပ်၌ လူရည်ချွန်မောင်မယ်များနှင့် ထူးချွန်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

သံဖြူဇရပ် စက်တင်ဘာ ၂၆

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အောင်ဇေယျရပ်ကွက်ရှိ သန္တိသုခ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ဦးစွာအခမ်းအနားကို ပညာပန်းခင်းတေးသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်၍၊ သန္တိသုခဘုန်းတော်ကြီးကျောင်း ဆရာတော်ဘဒ္ဒန္တသုနန္ဒမှ ဂုဏ်ပြုချီးမြှင့်စကား မိန့်ကြားပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းက ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ထူးချွန်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ရာ မြန်မာတစ်နိုင်ငံလုံးတွင် ဝိပ္ပံဘာသာတွဲ၌ ပထမရရှိခဲ့သည့် (၆) ဘာသာဂုဏ်ထူးရှင် မောင်အောင်ဇော်နှင့် (၅)ဘာ သာဂုဏ်ထူးရှင် (၂)ဦး၊ ၄ ဘာသာဂုဏ်ထူးရှင်(၃) ဦး၊ လူရည်ချွန်မောင်မယ်(၃)ဦး စုစုပေါင်း (၈) ဦးအား ဝတ်စုံနှင့် ဂုဏ်ပြုငွေစုစုပေါင်း ကျပ် (၉၄၉၅၀၀၀) ကို သန္တိသုခဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တသုနန္ဒနှင့် အလှူရှင်များမှဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)