မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း မွန်ပြည်နယ်အတွင်းရှိ ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် နှစ်(၁၀၀)နှင့်အထက်ရှိ ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံ (၁၂)ခုအား ကွင်းဆင်းကြည့်ရှု
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်ထားသည့် မွန်ပြည်နယ်အတွင်းရှိ နှစ်(၁၀၀)နှင့်အထက် ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံ (၁၂) ခုမှ သင့်လျော်သော ရှေးဟောင်းအဆောက်အအုံကို ရှေးဟောင်းအဆောက်အအုံ မှတ်တမ်း အမွေအနှစ်ကမ္ဗည်း မော်ကွန်းကြေးပြား တပ်ဆင်နိုင်ရေးအတွက် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။