မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြ‌စေတီစာသင်တိုက်(ရဲကျောင်း) မြစေတီဆရာတော်ဘုရားကြီး၏ အဘိဓဇ မဟာရဠဂုရု ဂုဏဝိသဠပူဇာသဘင်အထိမ်းအမှတ် ဆွမ်းခြောက်လောင်းလှူပွဲနှင့် စာရေးတံမဲအလှူမင်္ဂလာ အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ အထက်လမ်းမကြီး၊ မြစေတီစာသင်တိုက်(ရဲကျောင်း)ရှေ့ မြစေတီဆရာတော် ဘုရားကြီးဘဒ္ဒန္တဝိမလဗုဒ္ဓိ (၈၁)နှစ်၊ (၆၁)ဝါ၏ အဘိဓဇ မဟာရဠဂုရု ဂုဏဝိသဠပူဇာ သဘင်အထိမ်းအမှတ် ဆွမ်းခြောက်လွမ်းလှူပွဲနှင့် စာရေးတံမဲအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မြစေတီဆရာတော် ဘုရားကြီး ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြု၍ ဆရာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များက မော်လမြိုင်မြို့ပေါ်ရှိ စာသင်တိုက်များမှ သံဃာအပါး(၁၅၀၀)ပါးတို့အား စာရေးတံမဲအလှူငွေများနှင့် ဆွမ်းခြောက်များ လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။

ချောင်းဆုံမြို့နယ်၌ မိုးစပါးရိတ်သိမ်းနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အားမာန်လယ်ယာနှင့် အထွေထွေစီးပွားရေး လုပ်ငန်း သမဝါယမအသင်းသား တောင်သူဦးတင်ရှိန်၏ ဂျပန်ရွှေဝါထွန်း မျိုးစပါးစိုက်ဧက (၈)ဧကအား ရိတ်သိမ်းနေမှု အခြေအနေများကို ယနေ့နံနက်က မြို့နယ်သမဝါယဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

သထုံမြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား ပြည်သူလူထုအခြေပြု သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက သထုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး ဒို့အတူတူမဲပေးကြမယ် ဆိုင်းဘုတ်များ စိုက်ထူးခြင်း၊ စတစ်ကာများကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေးအတွက် ချောင်းဆုံမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက် ညနေ ၄း၃၀ က မြို့အဝင် သံလွင်တံတာား (ချောင်းဆုံ)တံတားရဲကင်းရှေ့နှင့် လူစည်းကားရာ နေရာများတွင် ဒို့အတူတူမဲပေးကြမည် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့၏ မဲပေးစက်များ Installation ပြုလုပ်ခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်အဆင့် နည်းပညာအထောက်အကူပြုအဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)၌ ပါဝင်သည့် သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့၏ MVEM မဲပေးစက်များ Installation ပြုလုပ်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ချောင်းဆုံမြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် တက်ရောက်ချီးမြှင့်

မွန်ပြည်နယ်အစိုးရအဖွဲ့၏စီစဉ်မှုဖြင့်ကျင်းပသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်က ချောင်းဆုံမြို့နယ် (ကွမ်သဲ) အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ဋ္ဌေးမြင့်အေး၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်တို့က ပွဲတော်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

သထုံခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့၊ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

သံဖြူဇရပ်၌ စက်သုံးဆီအ​ရောင်းဆိုင်များအား သတ်မှတ်​စျေးနှုန်းအတိုင်း​ ရောင်းချ​နေမှု ရှိ/မရှိ စစ်​ဆေး​ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စက်သုံးဆီအ​ရောင်ဆိုင် (၃) ဆိုင်အား ရည်ညွန်းသတ်မှတ်​စျေးနှုန်းအတိုင်း​ ရောင်းချ​နေမှု ရှိ၊ မရှိ သွား​ရောက်စစ်​ဆေးခဲ့ကြောင်း သိရသည်။

သထုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနတို့ ပူး‌ပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ ရွာဦးကျောင်းပြင်ပပညာရေး အခြေစိုက်စခန်း (သမီးတော်ကုန်း)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်