သထုံမြို့နယ်၌ (၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အထိမ်းအမှတ် ပအိုဝ်းယဉ်ကျေးမှု အကပြိုင်ပွဲနှင့် Miss Pa-O Thuwanakham 2026 ယဉ်ကျေးမှုအလှမယ်ရွေးချယ်ပွဲ ကျင်းပ

သထုံ မတ် ၁

မွန်ပြည်နယ်အဆင့် (၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ပအိုဝ်းယဉ်ကျေးမှု အကပြိုင်ပွဲနှင့် Miss Pa-O Thuwanakham 2026 ယဉ်ကျေးမှုအလှမယ်ရွေးချယ်ပွဲတို့ကို ယနေ့နံနက်က သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသား ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

ပအိုဝ်းယဉ်ကျေးမှုအကပြိုင်ပွဲတွင် သထုံဒေသရှိ ပအိုဝ်းကျေးရွာအသီးသီးတို့မှ ယဉ်ကျေးမှုအကအဖွဲ့ (၁၅)ဖွဲ့တို့ကလည်းကောင်း Miss Pa-O Thuwanakham 2026 ယဉ်ကျေးမှုအလှမယ်ရွေးချယ်ပွဲတွင် ပအိုဝ်းတိုင်းရင်းသူ (၁၁)ဦးတို့ကလည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြရာ အကဲဖြတ်အဖွဲ့တို့က ပြိုင်ပွဲအလိုက် စိစစ်ရွေးချယ် အကဲဖြတ်ပေးခဲ့ကြသည်။

မွန်ပြည်နယ်အဆင့် ပအိုဝ်းအမျိုးသားနေ့ကို နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသား ဗိမာန်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်‌နေခြင်းဖြစ်ပြီး ယခုနှစ် (၇၇)ကြိမ်မြောက်အဖြစ် တပေါင်းလဆန်း (၁၃)ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ ‌‌ပအိုဝ်းယဉ်ကျေးမှုအကပြိုင်ပွဲနှင့် Miss Pa-O Thuwanakham 2026 ယဉ်ကျေးမှုအလှမယ်ရွေးချယ်ပွဲများ၊ တေးဂီတဖျော်ဖြေရေးအစီအစဉ်များ၊ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ခြင်းနှင့် ပအိုဝ်းအမျိုးသား‌နေ့ အခမ်းအနားကျင်းပခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)