မော်လမြိုင် မတ် ၁
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသခြင်းကို အမှတ်(၁)ဈေးနှင့် အမှတ်(၂) မြိုင်ရတနာလေးထပ်ဈေးတို့တွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအချိန်အခါသည် ခြောက်သွေ့ရာသီသို့ ရောက်ရှိလာသဖြင့် မီးသုံးစွဲသူများ မီးပေါ့ဆမှုကြောင့် မီးလောင်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်၍ ပြည်နယ်မီးသတ်ဦးစီးမှုး ညွှန်ကြားရေးမှူး ဦးမျိုးဝင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ လျှပ်စစ်၊ စည်ပင်၊ စျေးကော်မတီအဖွဲ့ဝင်များ၊ မီးဘေးလုံခြုံရေးအတွက် ဟောပြောအသိပညာပေးခြင်း၊ မီးသတ်ယာဉ်များ ဝင်/ထွက်သွားလာရန် လမ်းဆောင်ရွက်ထားရှိမှု၊ ရေပိုက်လိုင်းများမှ လက်တွေ့ရေပက်ဖျန်းခြင်း မီးသတ်ရေငုတ်များနှင့် မီးသတ်ရေလှောင်ကန်များ၊ မီးအဝင်မိန်းခလုတ်နှင့် ကွန်ပျူတာခန်းရှိ မိန်းခလုတ်များ၊ မီးဘေးလုံခြုံရေးပစ္စည်းများအား စစ်ဆေး၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းများဖြစ်သည့် ရေစိုဝတ်ဖြင့်ငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးဖြင့် ငြှိမ်းသတ်ခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြငြှိမ်းသတ်ခြင်းများကို ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)