ကျိုက်ထို ဖေဖော်ဝါရီ ၂၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade 12 တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ရန် ဖြေဆိုခွင့် ယာယီကတ်ပြားများအား ယမန်နေ့ နံနက်ပိုင်းမှ စတင်ပြီးသက်ဆိုင်ရာ အခြေခံပညာကျောင်းများ၌ ထုတ်ပေးလျက်ရှိသည်။
ယင်းသို့ ထုတ်ပေးရာတွင် မှတ်ပုံတင်ကတ်နှင့် ပတ်စပို့ဓါတ်ပုံ တစ်ပုံယူဆောင်၍ မိမိနှင့်သက်ဆိုင်သည့် ကျောင်းတွင်အမည်နှင့် မှတ်ပုံတင်နံပါတ် ကွဲလွဲချက်မရှိစေရန် စစ်ဆေးပေးပြီး ယခုတက်ရောက်သင်ယူနေသော ကျောင်းယခင်ဖြေဆိုခဲ့ဖူးလျှင် ခုံအမှတ်၊ ခုနှစ်၊ လက်ရှိနေရပ်လိပ်စာနှင့် ဖုန်းနံပါတ်တို့အား ဖြေဆိုသူ၏ လက်ရေးဖြင့် ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရပြီး ကျောင်းဝင်-ခ စာရင်းဖြေဆိုခွင့်ကတ်ပြား လျှောက်လွှာအချက်အလက်များ ကွဲလွဲမှုရှိပါက ရုံးရှိမှတ်တမ်းများတွင် ဖေါ်ပြထားသည့်အတိုင်း အတည်ပြု၍ သက်ဆိုင်ရာ ဆရာ/ဆရာမများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုး (ပြန်/ဆက်)