မွန်ပြည်နယ်

မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ်အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မွန်ပြည်နယ်တွင် ၂၀၂၃-ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ်အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၉ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

သထုံမြို့နယ်တွင် ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၌ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသည့် ဆေးဝါးဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များတွင် တရားဝင်မှတ်ပုံတင်ခွင့်ပြုအမှတ်မပါရှိဘဲ တရားမဝင်တင်သွင်းဖြန့်ချီလျက်ရှိသည့် ဆေးဝါးရောင်းချခြင်းများ ရှိ/မရှိကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ ပူးပေါင်းကာ လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပေါင်မြို့နယ်၌ မွေးမြူရေးနှင့် အယ်လ်နီညိုအကြောင်းသိကောင်းစရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့် အယ်လ်နီညိုအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က အလှပ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ သဲပုံစေတီပွဲကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မွန်လူမျိုးတို့၏ ရိုးရာဓလေ့သဲပုံစေတီပွဲကို ယမန်နေ့နံနက်ပိုင်းက ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ပုရဝုဏ်အတွင်း သဲသောင်ပြင်၌ ကျင်းပခဲ့သည်။

ပေါင်မြို့နယ်၌ ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ်မပါရှိသော တရားမဝင်တင်သွင်း ဖြန့်ချီလျက်ရှိသည့် အမှတ်တံဆိပ်ဆေးနှင့်စပ်လျဉ်း၍ ဈေးကွက်စစ်ဆေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ်မပါရှိသော တရားမဝင်တင်သွင်းဖြန့်ချီလျက်ရှိသည့် အမှတ်တံဆိပ်ဆေးနှင့်စပ်လျဉ်း၍ ဈေးကွက်စစ်ဆေးခြင်းကို အောက်တိုဘာလ ၁၈ ရက်နေ့မွန်းလွဲ (၂) နာရီအချိန်က မြို့ပေါ်ရပ်ကွက်အတွင်းရှိဆေးဆိုင်များ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုက်မရောဒေသထွက် ကျွဲကောသီးများ အထွက်နှုန်းကောင်း၍စျေးကောင်းရရှိနေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၏ ဒေသထွက်ကျွဲကောသီးများယခင်နှစ်ကထက် အထွက်နှုန်း  ကောင်းကာ  စျေးကောင်းလည်းရရှိနေသဖြင့် ကျွဲကောသီးတစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများ မိသားစုဝင်ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် လျာထားဧကများအတိုင်း မိုးစပါးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းသည့်အတွက် တောင်သူများ ကျေနပ်အားရ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း မိုးစပါး (၆၅၂၄၂)ဧက၊နွေစပါး(၁၂၄)ဧက ၊ ဆီထွက်သီးနှံ (၃၂၇၆)ဧက နှင့် ပဲအမျိုးမျိုး (၄၃၃၀)ဧက စုစုပေါင်း(၇၂၉၇၂)ဧက စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် မိုးစပါးကို လျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧကများ အောင်မြင်ဖြစ်ထွန်းသည့်အတွက် တောင်သူများကျေနပ်အားရလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ပေါင်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့၌ စျေးကွက်အတွင်း တရားမဝင်တင်သွင်းဖြန့်ချိသော ဆေးဝါးများအား ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင်  ဆေးဝါးမှတ်ပုံတင် ခွင့်ပြုအမှတ်မပါရှိသော တရားမဝင်တင်သွင်းဖြန့်ချိလျက်ရှိသည့် ဆေးဝါးများကို ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများ စျေးကွက်ကွင်းဆင်းစစ်ဆေးသည်။

ကျိုက်မရော၌ နွေစပါး၊ ဆောင်းသီးနှံစိုက်ပျိုး ရေးစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါး၊ ဆောင်းသီးနှံစိုက်ပျိုးရေး  စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်