မော်လမြိုင် အောက်တိုဘာ ၂၅
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မော်လမြိုင်မြို့နယ်အတွင်းရှိ မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ် တာဝန်ခံဦးကိုကိုလွင် တွေ့ဆုံပွဲကို ယမန်နေ့က ပြည်နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ်တာဝန်ခံ ဦးကိုကိုလွင်က မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လဝကမှူး၊မြို့နယ်ရွေး/ ကော်အဖွဲ့ခွဲအတွင်းရေးမှူးနှင့် မြို့နယ်အဆင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီများမှပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးခြင်း၊ ပါတီဝင်စာရင်းများ မြေပြင်တွင် အမှန်တကယ် ရှိ/မရှိ စစ်ဆေးခြင်းနှင့် တွေ့ကြုံရသည့် အခက်အခဲများအား တင်ပြကြရန်ဆွေးနွေးခဲ့ပြီး မြို့နယ်အဆင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့ ရှေ့ဆောင်ပါတီများမှ ပါတီဥက္ကဋ္ဌများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ် တာဝန်ခံဦးကိုကိုလွင်က ပြည်လည်ဆွေးနွေး ဖြေကြားပေးခဲ့သည်။
ထိုနောက် မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများအား ကြည်ရှူ့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)