ကျိုက်ထို အောက်တိုဘာ ၂၄
ကျိုက်ထိုမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့နံနက် ၁၀ နာရီတွင် စတင်ထုတ်ချေးပေးလျက်ရှိသည်။
ယင်းသို့ထုတ်ချေးရာတွင်၂၀၂၂ ခုနှစ် ဆောင်းရာသီအတွက်ထုတ်ချေးထားသည့် ချေးငွေပြန်လည် ပေးဆပ်ပြီးသည့် တောင်သူများအား ထုတ်ချေးပေးခြင်းဖြစ်ပြီး ကျေးရွာအုပ်စု (၂၄)အုပ်စုမှ ချေးငွေ ပေးဆပ်ပြီးသည့် တောင်သူ (၁၀၀၀)ဦးအား ဆောင်းသီးနှံ စပါးအတွက်တစ်ဧက ငွေကျပ် (၁၅၀၀၀၀)နှုန်းဖြင့် လည်းကောင်း၊ ပဲမျိုးစုံအတွက် တစ်ဧကငွေကျပ် (၁၀၀၀၀၀) နှုန်းဖြင့် လည်းကောင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ခွဲ)အနေဖြင့် စပါးဧက (၄၀၀)နှင့် ပဲမျိုးစုံဧက (၆၉၀၀) အတွက် စုစုပေါင်းချေးငွေလျာထားငွေမှာ ငွေကျပ်သိန်း (၇၅၀၀.၀၀)သိန်းဖြစ်ကြောင်းနှင့် အဆိုပါဆောင်းသီးနှံချေးငွေများအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ) တာဝန်ရှိသူထံမှ သိရသည်။
ဝင်းမောင်(ကျိုက်ထို)