ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံခြင်းလုံးခတ်ပညာ သင်တန်းအခမဲ့ဖွင့်လှစ်

ပေါင် အောက်တိုဘာ ၂၅

သီတင်းကျွတ် ကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊  ကျောင်းသူများအား  အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် အခြေခံခြင်းလုံးခတ်ပညာရပ်အား စိတ်ပါဝင်စားပြီးအခြေခံမှစ၍ လေ့လာသင်ယူပြီး ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်ချက်ဖြင့် အခြေခံခြင်းလုံးခတ်ပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community-Centre) ခန်းမ၌  ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အခြေခံခြင်းလုံးခတ်ပညာသင်တန်း ဖွင့်လှစ်သင်ကြားရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာ  ဦးဇော်မိုးလွင်က ခြင်းလုံးခတ်ပညာရပ်ကို အခြေခံမှစ၍ စတင်သင်ကြားပေးခဲ့သည်။

အခြေခံခြင်းလုံးခတ်ပညာသင်တန်းသို့ သင်တန်းသား စုစုပေါင်း(၁၂)ဦးတို့ တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ အောက်တိုဘာလ (၂၅)ရက်နေ့မှ (၂၈)ရက် နေ့ထိ (၄)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် အခြေခံမြန်မာ့ခြင်းလုံးပညာများဖြစ်သည့် ရှေ့ခြေဖျား၊ ရှေ့ခြေခွင်၊ ရှေ့ဒူး၊ ဘေးဖဝါး၊ ဘေးဖနောင့်၊ ဘေးဖမျက်အခြေခံအထိ ခြောက်ချက်တို့ကို အခမဲ့စနစ်တကျ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)