ပေါင် အောက်တိုဘာ ၂၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မြို့နယ်အတွင်းရှိ မှတ်ပုံတင်ပြီးနိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ်တာဝန်ခံဦးကိုကိုလွင် တွေ့ဆုံပွဲကို အောက်တိုဘာ(၂၅)ရက်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ်တာဝန်ခံဦးကိုကိုလွင်သည် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လဝကမှူး၊ မြို့နယ်ရွေး/ကော်အဖွဲ့ခွဲအတွင်းရေးမှူးနှင့် မြို့နယ်အဆင့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးပါတီများနှင့်တွေ့ဆုံ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးခြင်း၊ ပါတီဝင်စာရင်းများမြေပြင်တွင် အမှန်တကယ်ရှိ/မရှိစစ်ဆေးခြင်းနှင့် တွေ့ကြုံရသည့်အခက်အခဲများအား တင်ပြဆွေးနွေးခဲ့ကြသည်။
ထို့နောက်မြို့နယ်အဆင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားအကျိုး စီးပွားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီများမှ ပါတီဥက္ကဋ္ဌများ၏ တင်ပြချက်များအပေါ်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ်တာဝန်ခံဦးကိုကိုလွင်က ပြည်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)