သံဖြူဇရပ် နိုဝင်ဘာ ၂
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး စောင်းတန်းရင်ပြင်တော်ပေါ်မှ ပင်လယ်ပြင်အတွင်း ရှင်ဥပဂုတ္တကျောင်းဆောင်အသေး (၁၉၀) အားပူဇော်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပူဇော်ခဲ့ကြောင်း သိရသည်။
ထိုသို့ လာရောက်ပူဇော်ခြင်းကို ကျိုက္မရောမြို့နယ်၊ ကျုံဝမ်ကျေးရွာမှ ဆရာတော် ဦးပဏိန္ဒနှင့် တပည့်ဒါယကာ၊ ဒါယိကာမများမှစုပေါင်း၍ အန္တရာယ်ကင်းဘေးရန်ရှင်းစေခြင်းအလို့ငှာ ရှင်ဥပဂုတ္တကျောင်းဆောင်အသေး (၁၉၀) အားလာရောက်၍ ပင်လယ်ပြင်အတွင်း ရေမျှောပူဇော်ဆောင်ရွက်သွားခဲ့ကြောင်း ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးအောင်သန်းထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)